Videos

ကျွန်မက ပုလဲပါ (I am Pearl)

ကျွန်မက ပုလဲပါ (I am Pearl) နည်းပညာအခြေပြု ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုဆိုင်ရာ ပညာပေးဇာတ်လမ်းတို The Fifth Pillar (ပဉ္စမမဏ္ဍိုင်) အဖွဲ့အစည်းမှ ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေး (Promoting Rule of Law) အစီအစဉ်အောက်တွင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု နှင့် လူကုန်ကူးမှု ကာကွယ်တားဆီးရန်အတွက် ဥပဒေအမြင်ဖွင့်သင်တန်း၊ ရပ်ရွာအခြေပြု ဥပဒေအထောက်အကူပြုသင်တန်းများစီစဉ်ကျင်းပခြင်း၊ ဥပဒေကျောင်းသားများနှင့် အလုပ်သင်ရှေ့နေများအတွက် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာများမျှဝေခြင်း စသည်တို့ကိုလုပ်ဆောင်နေသည့်အပြင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာများကို လူထုများအကြားပိုမိုသိရှိနားလည်စေနိုင်ရန် ရည်ရွယ်၍ ပညာပေးဇာတ်လမ်းတိုများကို ရိုက်ကူးတင်ဆက်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါသည်။ ကျွန်မကပုလဲပါ (I am Pearl) ပညာပေးဇာတ်လမ်းတိုတွင် နည်းပညာကိုအသုံးပြု၍ ဂျဲန်ဒါအခြေပြုအကြမ်းဖက်ခြင်းခံရသော ပုလဲဆိုသည့် မိန်းကလေးတစ်ယောက်အကြောင်းကို တင်ဆက်ထားခြင်းဖြစ်သည်။ ပုလဲအနေဖြင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်ခြင်းကို ကြုံတွေ့ခံစားခဲ့ရပုံ၊ ခြိမ်းခြောက်အကြပ်ကိုင်သူအား ရင်ဆိုင်ဖြေရှင်းခဲ့ပုံတို့ကို တင်ဆက်ပေးထားပါသည်။ Download ခလုပ်ကိုနှိပ်၍ ဒေါင်းလုပ်ရယူကြည့်ရှုနိုင်ပါသည်။

ခွန်အားရှိသောအသံ (Empowering Voice) ရပ်ရွာအခြေပြုဥပဒေအထောက်အကူပြုသူ (Paralegal) ပညာပေးဇာတ်လမ်းတို

The Fifth Pillar (ပဉ္စမမဏ္ဍိုင်) အဖွဲ့အစည်းအနေဖြင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများကို လူထုများအကြားသိရှိနားလည်စေနိုင်ရန်အတွက် ဥပဒေအမြင်ဖွင့် သင်တန်းများကိုသာမက ဥပဒေဆိုင်ရာ ပညာပေးဇာတ်လမ်းများကိုပါ ရိုက်ကူးတင်ဆက်ပေးလျက်ရှိပါသည်။ ခွန်အားရှိသောအသံ (Empowering Voice) ပညာပေးဇာတ်လမ်းတိုသည် Paralegal လို့ခေါ်တဲ့ ရပ်ရွာအခြေပြု ဥပဒေအထောက်အကူပြုသူများရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးဖော်ပြထားတဲ့ ပညာပေးဇာတ်လမ်းတိုတစ်ခုဖြစ်ပါသည်။ ယခု ပညာပေးဇာတ်လမ်းတိုသည် သတင်းအချက်အလက်သီးသန့်တင်ပြထားခြင်းမျိုးမဟုတ်ပဲ စိတ်ဝင်စားဖွယ် ဇာတ်လမ်းဇာတ်ကွက်များဖြင့် တင်ဆက်ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ဒီဇာတ်လမ်းမှာ တော့ ပါရာလီဂယ်ဆိုတာ ဘယ်သူတွေလဲ၊ ဘယ်လိုမျိုးလူတွေလဲ။ ရပ်ရွာအတွင်းက အဖွဲ့အစည်းတွေမှာ ပါရာလီဂယ်တွေက ဘယ်လိုဘယ်ပုံစံနဲ့ မျိုးနဲ့ ကူညီဆောင်ရွက်ပေးနေသလဲဆိုတာကို လေ့လာကြရမှာဖြစ်ပါသည်။ ယခု ဇာတ်လမ်းတိုအားDownload ခလုပ်ကိုနှိပ်၍ Download ရယူသိမ်းဆည်းနိုင်ပါသည်။

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအကြမ်းဖက်မှု (အသိပညာပေး ဗီဒီယို)

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုမိတ်ဆက် ဂျဲန်ဒါဆိုတာဘာလဲ။ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု အကြမ်းဖက်မှုအကြမ်းဖက်မှုဆိုတာကရော ဘာကိုဆိုလိုတာလဲ။ ဘယ်လိုအကြောင်းအရာတွေက ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေတာလဲ။ ယခု Videoတွင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု အကြောင်းကို မိတ်ဆက်အနေဖြင့် တင်ပြပေးထားပါတယ်။ Download ခလုပ်ကိုနှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါသည်။

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအကြမ်းဖက်မှု (အသိပညာပေး ဗီဒီယို)

ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ယခု ဗီဒီယိုတွင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု အမျိုးအစား၆မျိုးအနက်မှ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ Download ခလုပ်ကိုနှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါသည်။

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအကြမ်းဖက်မှု (အသိပညာပေး ဗီဒီယို)

စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ယခု ဗီဒီယိုတွင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု အမျိုးအစား၆မျိုးအနက်မှ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ Download ခလုပ်ကိုနှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါသည်။

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအကြမ်းဖက်မှု (အသိပညာပေး ဗီဒီယို)

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ယခု ဗီဒီယိုတွင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု အမျိုးအစား၆မျိုးအနက်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ Download ခလုပ်ကိုနှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါသည်။

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအကြမ်းဖက်မှု (အသိပညာပေး ဗီဒီယို)

အန္တရာယ်ရှိသော ရိုးရာယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု ယခု ဗီဒီယိုတွင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု အမျိုးအစား၆မျိုးအနက်မှ အန္တရာယ်ရှိသော ရိုးရာယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ Download ခလုပ်ကိုနှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါသည်။

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအကြမ်းဖက်မှု (အသိပညာပေး ဗီဒီယို)

လူမှုစီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု ယခု ဗီဒီယိုတွင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု အမျိုးအစား၆မျိုးအနက်မှ လူမှုစီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ Download ခလုပ်ကိုနှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါသည်။

Picture of the authorPicture of the authorPicture of the author

Got a question?

Contact

© 2019 - 2023 the fifth pillar - All Rights Reserved.

Powered by Krost