Resources& Publication

အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများကို ဆန်းစစ်လေ့လာသုံးသပ်ချက် (အိမ်အကူလုပ်သားဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၂၀၁ နှင့် မြန်မာနို်င်ငံပြဋ္ဌာန်းဥပဒေများအား နှိုင်းယှဉ်လေ့လာခြင်း)

ကမ္ဘာအနှံ့တွင် ပုဂ္ဂလိကအိမ်ထောင်စုများအတွက် အိမ်အကူအလုပ်သမားများ လုပ်ကိုင်ဆောင်ရွက်ပေးသည့် အလုပ်ကို အလုပ်သမားဥပဒေများ၏ ကာကွယ်စောင့်ရှောက်ပေးမှုများတွင် ချန်လှပ်ထားလျက်ရှိပါသည်။ နိုင်ငံများက အိမ်အကူအလုပ်သမားဥပဒေကို ချမှတ်ပြဋ္ဌာန်းခဲ့သည်မှာ များမကြာသေးမီကပင် ဖြစ်ပါသည်။ အိမ်အကူအလုပ်သမားများအတွက် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ဆိုင်ရာပြဋ္ဌာန်းချက် အမှတ် (၁၈၉) အား ၂၀၁၁ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းလိုက်ခြင်းက အိမ်အကူအလုပ်သမားများ လုပ်ကိုင်ဆောင်ရွက်ပေးသည့်အလုပ်ကို အသိအမှတ်ပြုရေး၊ တရားဝင်ဖြစ်စေရေးနှင့် ကာကွယ်စောင့်ရှောက်မှုပေးရေး လှုပ်ရှားဆောင်ရွက်မှုကို လမ်းညွှန်ဦးဆောင်မှု ပံ့ပိုးပေးပါသည်။

မြန်မာနိုင်ငံတွင် အိမ်အကူအလုပ်သမား ကူညီပံ့ပိုးရေးအဖွဲ့များအတွက် လက်တွေ့လမ်းညွှန်ချက်။

ဤလမ်းညွှန်စာအုပ်သည် အိမ်အကူ အလုပ်သမားများ အားလုံးအတွက် သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်မြှင့်တင်ရေးဆိုင်ရာ ILO မဟာဗျူဟာများထဲမှ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည် ။ လမ်းညွန်စာအုပ်တွင် ကူညီပံ့ပိုးရေးအဖွဲ့များအတွက် အိမ်အကူအလုပ်သမားများနှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းများ ၊ အိမ်အကူအလုပ်သမားများအနေဖြင့် ၎င်းတို့ကိုယ်တိုင် စုပေါင်းသင်းဖွဲ့ ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သတ်၍ လက်တွေ့နည်းလမ်း များကို ဖော်ပြထားပါသည်။



အိမ်အကူအလုပ်အကိုင်ကို အလုပ်အကိုင်တစ်ခုအဖြစ် အသိအမှတ်ပြုရန်နှင့် ဘက်စုံပြည့်စုံကောင်းမွန်သော အလုပ်သမား ကာကွယ်စောင့်ရှောက်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒရေးဆွဲချမှတ်သူများနှင့် အတူတကွ ဆွေးနွေးပြောဆိုမည့် အိမ်အကူအလုပ်သမားခေါင်းဆောင်များ ၊ အိမ်အကူအလုပ်သမားကူညီပံ့ပိုးရေးအဖွဲ့များအတွက် ဤလမ်းညွှန်စာအုပ်က အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။
Copy link
Powered by Social Snap