လူငယ်နှင့် ပြည်သူ့နီတိသင်တန်း (အမှတ်စဥ်-၄)

▪️

The Fifth Pillar နှင့် International Foundation for Electoral Systems (IFES) တို့ ပူးပေါင်း အကောင်အထည်ဖော်နေသည့် “လူငယ်နှင့် ပြည်သူ့နီတိ” သင်တန်း အမှတ်စဉ် – ၄ ကို တာချီလိတ်မြို့၊ ရှမ်းပြည်နယ်တွင် (9.3.2020) – (11.3.2020) ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။​

▪️

ဆက်လက်ကျင်းပရန် စီစဉ်ထားရှိသည့် သင်တန်းအမှတ်စဉ်များနှင့် စပ်လျဉ်းပြီး (၁၃.၃.၂၀၂၀) ရက်နေ့တွင် နိုင်ငံတော်မှ ပြည်သူလူထုသို့ ပန်ကြားချက်ဖြစ်သည့် “လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များမပြုလုပ်ကြပါရန်” ဆိုသည့် ပန်ကြားချက်အား အလေးထားလိုက်နာသောအားဖြင့် TFP မှ စီစဉ်ထားရှိသည့် သင်တန်းအရပ်ရပ်အား ရွေ့ဆိုင်းလိုက်ပါကြောင်းနှင့် သင်တန်းပြန်လည်စီစဉ်ကျင်းပသည့်အခါ ယခုသင်တန်းများသို့ တက်ရောက်ခွင့်ရရှိထားသူများကို ဦးစားပေးပြန်လည်ခေါ်ယူပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

▪️

ပြည်သူလူထုအနေဖြင့် ကမ္ဘာနှင့် အဝန်းရင်ဆိုင်နေရသည့် (လျှင်မြန်စွာကူးစက်နိုင်သည့်) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease – COVID – 19) ကူးစက်ခံရခြင်းမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တတ်အားသရွေ့ လူစုလူဝေးရှိရာအရပ်များသို့ သွားရောက်ခြင်း၊ ပူပေါင်းပါဝင်ခြင်းများကို ရှောင်ကျဉ်ကြရန်နှင့် လိုအပ်၍ သွားရောက်ရပါလျှင်လည်း Mask များအသုံးပြုခြင်း၊ လက်ဖြင့် မျက်နှာ / ပါးစပ် / နှာခေါင်းများကို ကိုင်တွယ်ခြင်းမပြုကြပဲ လက်အား မကြာခန ဆေးကြောကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

?

COVID – 19 သည် ကူးစက်လွယ်သည့် ရောဂါဖြစ်သည့်အလျှောက် လူတိုင်း မိမိကိုယ်ကိုယ် မိမိယူတာဝန်ယူပြီး တည်ငြိမ် စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ရင်ဆိုင်ကြရမည့် အရေးပေါ်ကိစ္စရပ် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap