The Fifth Pillar
အမျိုးသားလွှတ်တော်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ ဖိတ်ကြားချက်အရ “အိမ်အကူအလုပ်သမားဆိုင်ရာဥပဒေကြမ်း” နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ TFP မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇင်မာမြင့်သည် အခြားသော အရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
—
အိမ်အကူအလုပ်သမားများသည် အလုပ်သမားဆိုသည့် ခေါင်းစဉ်အောက်တွင် ပါဝင်နေပါသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် အရပ်ရပ်ဆိုင်ရာ ဥပဒေများသည် အိမ်အကူအလုပ်သမားများ၏ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ခြင်းမရှိသေးပါ။ ဥပမာအားဖြင့်ဆိုရလျှင် –
?
အနည်းဆုံးအခကြေးငွေဥပဒေအရ အလုပ်သမားတိုင်း (တစ်ရက်အလုပ်ချိန် (၈)
နာရီအတွက်) အနည်းဆုံး လုပ်ခ (၄၈၀၀) ကျပ်ကို ခံစားခွင့်ရှိသည်ဟုဖော်ပြထားသော်လည်း
ထိုပြဋ္ဌာန်းချက်သည် “အလုပ်သမား (၁၀) ဦးအောက်ရှိသည့် လုပ်ငန်းများနှင့်
သက်ဆိုင်ခြင်းမရှိ” ဟု သတ်မှတ်ထားသည့်အတွက် အိမ်အကူအလုပ်သမားများသည်
အနည်းဆုံးလုပ်ခလစာကို ခံစားခွင့်မရှိကြပါ။
? အိမ်အကူအလုပ်သမားများအတွက် တစ်ရက်အလုပ်ချိန်သည် (၈) နာရီဖြစ်သည်ဟူ၍ တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသည့်အတွက်
လက်ရှိတွင် တစ်ရက်အလုပ်ချိန် (၈) နာရီထက် ပိုပြီးလုပ်နေကြရသော်လည်း အခြား
(အလုပ်သမားများကဲ့သို့) အချိန်ပို လုပ်ခလစာ (၂) ဆ ခံစားခွင့်မရှိသကဲ့သို့
(၈) နာရီထက်ပိုပြီး မလုပ်လိုပါဟု ငြင်းပယ်ခွင့် မရှိကြပါ။
? အိမ်အကူအလုပ်သမားများသည် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေနှင့် အကျုံးမဝင်သည့် အလုက်အကိုင်အမျိုးအစားဖြစ်သည့်အတွက် (အခြားအလုပ်သမားများကဲ့သို့)
ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်၊ လုပ်သက်ခွင့်၊ မီးဖွားခွင့် များ
ရပိုင်ခွင့်မရှိသည့်အပြင် ရက်သတ္တပတ်တွင် တစ်ရက်ကို အလုပ်နားခွင့်၊
အများပြည်သူ အလုပ်ပိတ်ရက်များတွင် အနားယူခွင့် အစရှိတဲ့ မည်သည့်ခွင့်ရက်
အမျိုးအစားကိုမှလည်း ခံစားခွင့် ရှိမနေကြပါ။
▪️
အထက်ဖော်ပြပါ အချက်များကြောင့် အိမ်အကူအလုပ်သမားများကို တစ်ရက်အလုပ်ချိန်
“မနက်မိုးလင်းမှ မိုးချုပ်ထိ ခိုင်းစေပြီး၊ တစ်နှစ်ပတ်လုံးအလုပ်ပိတ်ရက်၊ နားရက်၊ ခွင့်ရက်များမပေးပဲ အလုပ်ခိုင်းရင်လျှင်တောင်မှ လုပ်ခလစာကို ကြိုက်သလိုပေးလို့ရနေသည့်” သဘောသက်ရောက်မှုများ ရှိနေပါသည်။
?ထို့ပြင်
မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားခဲ့သည့် အိမ်အကူအလုပ်သမားများအပေါ်
အလွဲသုံးစားပြုမှု၊ ခေါင်းပုံဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်းကို
လေ့လာကြည့်မည်ဆိုပါက အိမ်အကူအလုပ်သမားသည် ဥပဒေအကာအကွယ်ကို
အခြားအလုပ်သမားများထက် ပိုမိုလိုအပ်နေသည်ကို မီးမောင်းထိုး
ဖော်ပြနေပြီပဲဖြစ်ပါသည်။
▪️
ထိုအခြေအနေများကို ပြန်လည်ကုစားနိုင်ရန် အိမ်အကူလုပ်သားများအတွက်
အကာအကွယ်ပေးနိုင်မည့် ဥပဒေသစ် တစ်ရပ်ကို လွှတ်တော်မှ ရေးဆွဲပြဋ္ဌာန်းရန်
ကြိုပမ်းနေခြင်းသည် များစွာကောင်းမွန်သင့်လျော်ပြီး TFP မှလည်း များစွာ ကြိုဆိုပါသည်။
▪️TFP မှာပြုစုရေးသားထားသည့် “အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများကို ဆန်းစစ်လေ့လာသုံးသပ်ချက်” စာတမ်းကို ယခုလင့်ပ်မှ ရယူနိုင်ပါသည်။
https://drive.google.com/file/d/1_q0Gmhshs_pi4_QqyCPwxAhuhXeymjuW/view?usp=sharing
(18.2.2020)
#AmyothaHluttaw
#NayPyiTaw
#TheFifthPillar