Youth&Politics (Batch-11)
The Fifth Pillar has organized and conducted another training in the title “Youth&Politics” with 21 enthusiastic young participants from different backgrounds. The training was held just in the head office hall, Yangon on 8 of July 2017 ( Saturday), taken 8 hours from 9:00am-5:00pm and facilitated by Mr. Nay Win Naing, trainer and programs director of TFP. The training has reached to batch-11 now. In addition, the topics delivered in the training were as follows.
- Studying the political context of Myanmar
- Authoritarianism and Democratic Government
- State, Government and Sovereignty
- Three pillars in 2008 constitution
- Description for 2008 constitution amendment
The Fifth Pillar conducts training once in two weeks and the up coming training (batch-12) is going to be on 22 of July 2017. For up to date information and training announcement, check this website or follow The Fifth Pillar Facebook Page https://www.facebook.com/TheFifthPillar.tfp/ .
လူငယ်နှင့်နိုင်ငံရေးသင်တန်း(အမှတ်စဥ်-၁၁)
“လူငယ်နှင့် နိုင်ငံရေး” သင်တန်း အမှတ်စဉ် (၁၁) ကို ယနေ့ ဝါဆိုလပြည့်နေ့၊ (၈-၇-၂၀၁၇) ရက်နေ့ တွင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ ယခုအမှတ်စဉ်(၁၁)တွင် မတူညီသည့် နယ်ပယ်အသီးသီးမှ လူငယ်(၂၁)ဦးကို ရွေးချယ်ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းကို နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) ထိ (၈) နာရီကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအပတ်စဉ် (၁၁) သင်တန်းတွင်-
▪️ မြန်မာ့နိုင်ငံရေးအခင်းအကျင်းများကို လေ့လာခြင်း
▪️ အာဏာရှင်စနစ်နှင့် ဒီမိုကရေစီအစိုးရ
▪️ “နိုင်ငံတော်”၊ “အစိုးရ” နှင့် “အချုပ်အခြာအာဏာ”
▪️ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မဏ္ဍိုင်ကြီး (၃) ရပ် ဖွဲ့စည်းပေါ်ပေါက်လာပုံ အဆင့်ဆင့်နှင့်
▪️ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ
စသည့် ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။
The Fifth Pillar မှ “လူငယ်နှင့် နိုင်ငံရေး” သင်တန်းကို (၂) ပတ်တစ်ကြိမ်ဖွင့်လှစ်ပေးလျက်ရှိပြီး လာမည့် (၂၂.၇.၂၀၁၇) ရက်နေ့တွင်လည်း အမှတ်စဉ်(၁၂) ကို ဖွင့်လှစ်ရန် လျှာထားချက်ရှိပါသည်။
⭕️ အပြောင်းအလဲကို လူတိုင်းလိုလားကြပါတယ်
⭕️ ဒါဆို ဘာကြောင့် ကိုယ် ကိုယ်တိုင်က စပြီး မပြောင်းလဲနိုင်ရမှာလဲ?
⭕️ တကယ်တော့ အပြောင်းအလဲဆိုတာ သင်ကိုယ်တိုင် စတင်ပြောင်းလဲမှ တခြားအရာတွေကို အမှန်တကယ် ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။