လူငယ်နှင့် ပြည်သူ့နီတိသင်တန်း (အမှတ်စဥ်-၁)

▪️

လူငယ်နှင့် ပြည်သူ့နီတိသင်တန်း အမှတ်စဉ် – ၁ ကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဥပဒေကျောင်းသူ/သားများဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

▪️

ယခုသင်တန်းသို့ အသက် ၁၇ မှ ၂၅ ကြားရှိ လူငယ် (၃၁) ဦးတက်ရောက်ကြပြီး ယင်းလူငယ်များ၏ သင်ခန်းစာများနှင့် စပ်လျဉ်းသည့် မေးခွန်းများ၊ ပြန်လှန်ဆွေးနွေးမှုများသည် များစွာစိတ်ဝင်စားဖွယ်ရာဖြစ်ပြီး ထိုလူငယ်များ၏ ထက်မြက်လှသော အတွေးအမြင်များကိုလည်း လေ့လာခွင့်ရခဲ့ပါသည်။

▪️

ပထမအကြိမ်မဲပေးမည့် လူငယ်များသည်၊ နောင်လည်း ကြိမ်ဖန်များစွာ ဆက်လက်ပြီး မဲပေးကြမည့်သူများဖြစ်သကဲ့သို့ ယင်းတို့၏ လူမှုဝန်းကျင်ရှိ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာများနှင့် မရင်းနှီးသူများကို ထပ်ဆင့် အသိပညာဖြန့်ဖြူးပံ့ပိုးပေးကြမယ့် change agent များလည်း ဖြစ်လာနိုင်သူများ ဖြစ်သဖြင့် ယခုကဲ့သို့ ပြည်သူ့နီတိသင်တန်းကို စီစဉ်ကျင်းပခြင်းသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်ဟု TFP မှ ယုံကြည်ပါသည်။

▪️

သင်တန်းကို စီစဉ်ကျင်းပခွင့်ပေးခဲ့သည့် အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမကြီး Professor Dr. Thi Thi Lwin နဲ့ ဆရာမကြီး Professor Dr. Phyu Phyu Tint တို့ကိုလည်း များစွာ ကျေးဇူးတင်ရပါသည်။

▪️

ယခု Civic Education Training တက်ရောက်ပြီးသည့် လူငယ်အချို့ကို ပြန်လည်ဖိတ်ခေါ်ပြီး ဆရာဖြစ်သင်တန်း (TOT)နှင့် မဲဆန္ဒရှင်အသိပညာပေးသင်တန်းများသို့ ဆက်လက်ဖိတ်ခေါ်သွားရန် စီစဉ်ထားရှိပါသည်။ (25.2.2020) – (27.2.2020)#CivicEducationTraining#FirstTimeYouthVoter#TheFifthPillar—-

?

လူငယ်နှင့် ပြည်သူ့နီတိသင်တန်း အမှတ်စဉ် (၂) – (၆) ထိကိုလည်း ခေါ်ယူနေလျက်ရှိပြီး လျှောက်ပါလင့်မှ လျှောက်ထားနိုင်ပါသည်။

Leave a Reply

Your email address will not be published.

Share via
Copy link
Powered by Social Snap