လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ တရားစီရင်ရေးဖြစ်အောင် NLD အစိုးရ ဆောင်ရွက်ဖို့လို

● လူ့အခွင့်အရေးနဲ့ပတ်သက်ရင် နိုင်ငံတကာက လေးစားပြီး အသိအမှတ်ပြုဖို့ နိုင်ငံတွင်းမှာ တရားမျှတမှုရှိတဲ့ ဥပဒေတွေ လွှမ်းမိုးမှုရှိဖို့သာမက လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ တရားစီရင်ရေး Independent Judiciary ဖြစ်အောင် NLD အစိုးရအနေနဲ့ ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ လူ့အခွင့်အရေး ရှေ့နေတွေက တိုက်တွန်းလိုက်ပါတယ်။

● ၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ “တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး” ဆိုင်ရာ အကြောင်းအရာတွေအပေါ် ပဉ္စမမဏ္ဍိုင်အဖွဲ့ရဲ့ အစီအစဉ်ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဦးနေဝင်းနိုင်၊ ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ရဲ့ ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီတို့ ပါဝင်ဆွေးနွေးစဉ် အဲ့ဒီလို ပြောကြားလိုက်ကြတာပါ။

● အပြည့်အစုံကိုတော့ MCN ရုပ်/သဲ သတင်းဌာနနဲ့ Equality Myanmar တို့ ပူးပေါင်းစီစဉ် တင်ဆက်ပြီး Mizzima ရုပ်/သံလိုင်းမှာလည်း ထုတ်လွှင့်ပြသနေတဲ့ ၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap